Powered By

Free XML Skins for Blogger

Powered by Blogger

Friday, 23 January 2009

ပြန်ဆုံမယ့် နေ့စွဲမရှိသော ခွဲခွာခြင်း

ဆောင်းပါး
နှင်းပန်းအိမ်
တနင်္လာနေ့၊ ဒီဇင်ဘာလ 08 2008 18:38 - မြန်မာစံတော်ချိန်
ပြန်ဆုံမယ့် နေ့စွဲမရှိသော ခွဲခွာခြင်း

တန်ဆောင်မုန်းလပြည့်နေ့ မနက် ၄ နာရီမှာ ကျမတို့သားအမိ ရွှေတိဂုံဘုရားဖူးဖို့ ရင်ပြင်တော်ပေါ်မှာ ရောက်နေတယ်။ မသိုးသင်္ကန်းယက်ပြီး ဘုရားရုပ်ပွားတော်ကို ကပ်လှူနေတဲ့ အဖွဲ့တွေ၊ အရုဏ်ဆွမ်းကပ်လှူသူတွေနဲ့ ဘုရားပေါ်မှာ ကြက်ပျံမကျ စည်ကားနေတယ်။ ရွှေရောင်ဝင်းပနေတဲ့ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီကြီးကတော့ သပ္ပာယ်အေးချမ်းလို့။
နေ့နံအလိုက် ဂြိုလ်တိုင်အသီးသီးမှာ ၀တ်ပြုဆုတောင်းသူ၊ ရေသပ္ပာယ်သူ၊ မီးပူဇော်သူ၊ ပန်းပူဇော်သူတွေကို ကောင်းကင်က လမင်းက လှမ်းကြည့်နေတယ်။ သူ့ရဲ့အလင်းရောင်က ရွှေတိဂုံစေတီရဲ့ ဆလိုက်မီးရောင်ကို မတိုးဝံ့အောင် ဖြစ်နေရှာတယ်။
အောင်မြေလို့ သတ်မှတ်ထားတဲ့ နေရာမှာတော့ လူတွေက ပြည့်ကျပ်နေတာလေ။ လူ့သဘာဝအတိုင်း လုပ်သမျှ အောင်မြင်ဖို့၊ ပြောဆိုသမျှ အောင်မြင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ကို အောင်မြေကနေ ဆုတောင်းရင် ပြည့်တယ်လို့ ယုံကြည်ကြတယ်။ အရှည်ကို ရသဆောင်းပါးတွင်ဖတ်ပါ။

No comments:

Post a Comment