အမည်ရင်းမှာ ဒေါ်သန္တာဖြစ်ပြီး ကလောင်အမည်မှာ "နှင်းပန်းအိမ်" ဖြစ်ပါသည်။ အဘ ဦးတင်စိန်၊ အမိဒေါ်သန်းစိန်တို့မှ ၁၉၆၆- ဧပြီ(၈)ရက်နေ့တွင် ရန်ကုန်မြို့ တောင်ဥက္ကလာ ၌ မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူ ဦးတင်စိန်သည် ၁၉၆၆ -တွင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စြ
၁၉၈၈- (၈)လေးလုံးအရေးတော်ပုံတွင် စာရေးသူပါဝင်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လူငယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၂-တွင် အဖွဲ့ချုပ်လူငယ် ကိုနေဦးနှင့်အိမ်ထောင်ကျပြီး ၁၉၉၃-တွင် သားတယောက် ဖွား မြင်ခဲ့သည်။ ၁၉၉၈-ဖေဖော်ဝါရီ(၁၈)ရက်နေ့တွင် ခင်ပွန်းသည်အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် (၁၄) နှစ်ဖြင့် အင်းစိန်ထောင်၊ မန္တလေးထောင်၊ မုံရွာထောင်တို့မှတဆင့် ကလေးအကျဉ်း ထောင်သို့ ရွှေ့ပြောင်းခံခဲ့ရသည်။
ခင်ပွန်းသည်ကို ထောင်ဝင်စာတွေ့ဆုံဖို့ စာရေးသူနေထိုင်သည့်အိမ်ကိုပေါင်
စာရေးသူဘ၀ကိုသိနေသည့် စာရေးဆရာမကြီးလူထုဒေါ်အမာက " သမီးတို့ဘ၀တွေက စာရေးဖို့ကောင်းတယ် " ဟု ပြောခဲ့သည်။
၁၉၉၉-တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ " မြန်မာအမျိုးသမီးများနေ့ " ဆောင်းပါးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည်။ ထိုမှစ၍ နွယ်နီမဂ္ဂဇင်းတွင် ခရီးသွားဆောင်းပါးများ အတွေ့အကြုံ အတွေးအမြင်များ ရေးသားခဲ့သည်။ ၂၀၀၀- ခုနှစ် နွယ်နီမဂ္ဂဇင်းမှာပါသည့် " ပတ်ဝန်းကျင် ကျေးဇူးတရားနှင့် ကြယ်ပွင့်လေး " ဆောင်းပါးဖြင့် ဂျပန်နိုင်ငံရောက် စာဖတ်သူချီးမြှင့်သည့် " ကျနော်အကြိုက်ဆုံး ဆု"ကို ရရှိခဲ့သည်။
ကလျာ၊ နွယ်နီ၊ မဟေသီ၊ ချယ်ရီ၊ ရုပ်ရှင်တေးကဗျာ၊ ပိတောက်ပွင့်သစ်၊ ပန်းအလင်္ကာ မဂ္ဂဇင်းတို့နှင့် အက်ရှင်တိုင်းဂျာနယ်၊ ဖလားဝါးနယူးဂျာနယ်တို့တွင် ဆောင်းပါး၊ အက်ဆေး ၀တ္ထုတိုပေါင်း (၂၀၀)နီးပါး ရေးသားခဲ့သည်။
ထိုဝတ္ထုတိုများထဲမှ ရွေးထုတ်ပြီး " ခေတ်သစ် မယ်မဒီနှင့် အခြားဝတ္ထုတိုများ" ၀တ္ထုတိုပေါင်း ချုပ်ကို ချမ်းမြေ့ရတနာစာပေမှ ၂၀၀၇-ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထိုဝတ္ထုတိုပေါင်းချုပ်ဖြင့် ၂၀၀၇- တော်ဘုရားလေးစာပေဆုတွင် အကောင်းဆုံးဝတ္ထုတိုပေါင်းချုပ်
၂၀၀၇- ခု ချယ်ရီမဂ္ဂဇင်းမှာပါသည့် " ရိုးချောင်းဘေးက ကြာ "ဘ၀သရုပ်ဖော်ဝတ္ထုတိုဆုကို "နေမင်းအားမာန်"အဖွဲ့မှ ၂၀၀၈- အောက်တိုဘာ (၂၆)တွင် ဆုချီးမြှင့်ခဲ့ပါသည်။
စာရေးသူသည် ICRC အိုင်စီအာရ်စီ ကမ္ဘာ့ကြက်ခြေနီအဖွဲ့အကူအညီဖြင့် ဘ၀တူနိုင်ငံရေး အကျဉ်းကျ မိသားစုများကို မြစ်ကြီးနားထောင်၊ မိုင်းဆတ်ထောင်၊ ဘူးသီးတောင်ထောင်၊ ကလေးထောင်များကို လစဉ်လိုက်ပါပို့ဆောင်ပေးခဲ့သည်။
၂၀၀၈- နိုဝင်ဘာ(၈)ရက်နေ့အထိ ကလေးအကျဉ်းထောင်သို့ ဦးအုန်းသန်းသမီး၊ ကိုအေး အောင် ဖခင်တို့ကို လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။
ခင်ပွန်းသည်ကိုနေဦး ၂၀၀၅-တွင်လွတ်မြောက်ခဲ့ပြီး နိုင်ငံရေးဆက်လက်လုပ်ဆောင်သော ကြောင့် အာဏာပိုင်များမှ ရှာဖွေဖမ်းဆီးခဲ့သည်။ ထို့ကြောင့်ခင်ပွန်းသည်မှ ထိုင်း-မြန်မာနယ် စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။




